Posts

ပျိုမေတို့အတွက် skincareနည်း

Image
ကိုယ်ကတကယ် skin careတော့မယ်  လှချင်တယ်ဆိုရင်တော့ အချိန်နဲနဲပေးပီး သေချာဖတ်ကြည့်နော်  ဟိတ် သဲသဲလေးတို့အတွက်💥  skin care နည်းအဆင့်ဆင့်လေးတွေ ကလေးလေးတို့ကလှဖို့တာဝန်ယူ တို့က ကလေးလေးတို့လှအောင်💥  နည်းမျိုးစုံနဲ့ တိုက်တွန်းပေးမယ်ပေါ့နော်💥❣ ❣ မနက် /ည Skincare နည်းအဆင့်ဆင့် Share ပီးသိမ်းထားလိုက်ပါဦးနော် ❣ မနက်ပိုင်း skin careနည်း (1)Facial foamကောင်းကောင်းသုံးပေးရမယ်❣ (2)Toner မဖြစ်မနေသုံးပေးရမယ်။ ဒါမှ မျက်နှာသစ်ပြီးတဲ့အချိန် ချွေးပေါက်လေးတွေထဲ ကျန်ခဲ့တဲ့ အညစ်အကြေး တွေ ပြောင်မှာနော်။❣  (3)Essence/serumတစ်ခုသုံးပေးရမယ်❣ (4)အစိုဓာတ်ထိန်းပေးတဲ့  Moisture or hydration creamသုံးပေးရမယ်❣ (5)နေကာသုံးပေးရမယ်   နေရောင်ကာဝယ်မယ်ဆိုရင်လည်း  SPF50 PA+++ပါတဲ့နေကာတွေကိုသုံးပေးရင်အဆင်ပြေတယ် နေရောင်ကာကတော့မဖြစ်မနေသုံးပေးပါ ကျန်းမာရေးနဲ့လည်းဆိုင်ပါတယ်။  sun cream မသုံးရင် နောက်ဖြစ်လာမယ့် တင်းတိပ်တွေ။  အမဲစက်တွေ အရေးကြောင်းတွေကကုရခက်သောပဲနော်။❣  ကာကွယ်ထားမှ တော်ကာကျမှာ❣👀 ညပိုင်းSkin careမှာတော့ Cleansing Stepကိုနှစ်ဆင့်လောက်လုပ်ပေးရမယ်။❣ ဘာဖြစ်လို့...

အပူလျှပ်လျှင်ဘာလုပ်ရမလဲ

Image
"   အပူလျှပ်လျှင် ဘာလုပ်ကြမလဲ " ? ~~~~~~~~~~~~~~~~~~~~~~~~~~~ အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှလူအများစုကနေပူထဲက ပြန်လာပြီးရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ်လိုက်တာတို့ကြောင့် လို့ ထင်နေကြတယ်။ ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒါဟာအပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။ ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။ အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။ တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့  ဒီလို မသက်သာပါဘူး။ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။အပူလျှပ်ခြင်း အစစ်ကတော့ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။  နွေရာသီလို ပူတဲ့အခါ ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါချွေးတွေအရမ်းထွက်ပါတယ် ။ဆားတွေပါ ပါသွားပါတယ်။ ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလ...

ရာသီထိမ်နေပြီလား ဒါလေးကိုဖတ်ကြည့်ပါ

Image
အမျိုးသမီးတိုင်း ဖတ်စေလို (ဖတ်ရန်ကြာချိန် ၄ မိနစ်) ကျနော်တို့ အမျိုးသမီးတွေ Menstruation မလာဘူး (ရာသီထိမ်တယ်) ဆိုတဲ့ အကြောင်းအရင်းများထဲက တစ်ခုက စိတ်ဖိစီးမှု များတာပါပဲ။ ကျနော်တို့ အားလုံး စိတ်ဖိစီးတတ်ကြပါတယ်။ အခုလို အချိန်ဆို ပိုဆိုးပါတယ်။ သာမန်ထက် စိတ်ဖိစီးမှုများတဲ့အခါ ကျနော်တို့ အမျိုးသမီးတွေမှာ ရာသီထိမ်တာ မျိုးလေး ဖြစ်လာတတ်ပါတယ်။ 🔶စိတ်ဖိစီးရင် ဘာကြောင့် ရာသီထိမ် တာလဲ?  စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့  hypothalamic-pituitary-adrenal (HPA) axis ဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။ ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ သားဥမကြွေပါဘူး။ ရာသီမလာပါဘူး။ 🔸ဆိုတော့ ဒါက ပုံမှန်ထက်စိတ်ဖိစီးတဲ့အခါ ရာသီလာခြင်း မလာခြင်း အပေါ် ဘယ်လို သက်ရောက်လဲဆိုတာပါ...

မြဝတီမြို့တွင် ရေထပ်မံတိုးလာနိုင်

Image
 မြဝတီမြို့တွင် ရေထပ်မံတိုးလာနိုင်၍ မိဘပြည်သူများ ကြိုတင်ပြောင်းရွှေ့ကြပါ မြဝတီမြို့၊ သောင်ရင်းမြစ်ရေ ထပ်တိုးလာနိုင်ဖွယ်ရှိ --------------------------------------------------- ယနေ့မှာလဲ အဆက်မပြတ် မိုးရွာသွန်းမှု များလာတာကြောင့် သောင်ရင်းမြစ်ရေ ထပ်တိုးလာနိုင်ဖွယ်ရှိနေပါသဖြင့် မြဝတီမြို့ အနိမ့်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။ မိမိတို့၏ မော်တော်ယဥ်များကိုလဲ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားဖို့ရန် လိုအပ်မှာပဲ ဖြစ်ပါတယ်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြသူများနှင့် အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ... ပြည်သူများအားလုံး ဘေးကင်းကြပါစေ.... Photos- CJ #သန့်ဇင်အောင်  မြဝတီမြို့နေပြည်သူများအားလုံး ဘေးရန်ကင်းရှင်းပါစေ

ကျန်းမာရေးအတွက် ပြုလုပ်သင့်သောလေ့ကျင့်ခန်း 12 ခု

Image
 ကျန်းမာရေးအတွက် နေ့စဉ်ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ လူသားတိုင်းအတွက် ကျန်းမာရေးသည် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။  ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟူသော ဆိုရိုးစကားအတိုင်း မိမိတို့၏ကျန်းမာရေးကို အထူးဂရုစိုက်သင့်သောအချိန်ကာလကို ရောက်ရှိနေချိန်လဲဖြစ်သည်   ကျန်းမာရေးအတွက် အစားအသာက်အပြင်အရေးကြီးဆုံးကကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဖြစ်သည် ခန္ဓာကိုယ်ကျန်းမာစေရန် လေ့ကျင့်ခန်းမဖြစ်မနေလုပ်ရန်လိုအပ်သည်   ဒါကြောင့်အခုဖော်ပြပေးလိုက်သောလေ့ကျင့်ခန်းများကိုလိုက်လုပ်ပြီးကျန်းမာရွှင်လန်း‌သောလူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနော် တစ်နေ့တာအတွက် ပြုလုပ်သင့်သော လေ့ကျင့်ခန်း 12 ခု လေ့ကျင့်ခန်းများပြုလုပ်ပြီး ကျန်းမာပျာ်ရွှင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်ပါစေ

ပျိုပျိုမေတို့အတွက် အလန်းစားဆံပင်အတိုပုံစံများ

Image
ဆံပင်တိုညှပ်ချင်တဲ့ ပျိုမေများအတွက် ဆံပင်ညှပ်ခါနီးဆို‌ေခါင်းအရမ်းစားကြရတယ်မလားဒီလိုမျိုး‌ေခါင်းစားစရာမလို‌ေအာင်Life Styleကတင်ဆက်ပေးချင်ပါတယ် ဝင်ကြည့်ပြီး ဘယ်ပုံကိုကြိုက်တယ်ဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော် နောက်ထပ်အများကြီးတင်ဆက်ပေးဦးမှာမို့လို့ followလေးလုပ်ထားခဲ့ကြပါဦးနော် ကြည့်ပြီးရင် ဘယ်ပုံကိုကြိုက်တယ်ဆိုတာမှတ်ချက်ပေးခဲ့ကြပါဦးနော် Life Styleပရိတ်သတ်များ နေ့စဉ်လှပနိုင်ပါစေရှင့်

Covid-19ရောဂါအတွက်ဆောင်ရန်ရှောင်ရန်များ

Image
Welcome to learn life style medical field ကမဟုတ်သော မိတ်ဆွေများအတွက်ပါ ~~~~~~~~~~~~~~~~~~~~~~~~~~~ ❌Hair dryer ကနေ oxygen ရပြီး ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ။ ❌ရင်ကြပ်ရင် ရှူလို့ရတဲ့စက် (Nebulizer) နဲ့ အရေးပေါ် oxygen ရှူလို့ရတယ်ဆိုတာ မဟုတ်ပါ။ ❌Covid ကရေနဲ့မတည့်ဘူးဆိုတာ မဟုတ်ပါ။ ရေချိုးလို့ရပါတယ် (oxygen ကျနေချိန် /ရောဂါပြင်းနေချိန်/နောက်ဆက်တွဲဖြစ်နေချိန်မှာတော့ ထပြီးလှုပ်ရှားရင် ဒုက္ခရောက်နိုင်ပါတယ် မလှုပ်ရှားသင့်တဲ့ အချိန်ဖြစ်နေရင် ရေပတ်တိုက်ပေးပါ)။ ❌ကိုယ်မသိသော ( ပါဝင်ပစ္စည်းကို အဂ်လိပ်လိုရေးမထားသော ) တခြားနိုင်ငံမှဆေးများ အလွယ်မသောက်သင့်ပါ။ ❌ကိုယ်မမြင်ဖူးသော အမြစ်အဖုများ/အပင်များ ကျိုချက်သောက်သုံးရန်မသင့်ပါ။ ❌ဝက်သားရှောင်ပါ မျှစ်နဲ့မတည့်ပါ စတာတွေ မဟုတ်ပါ။ ❌အသုပ်စုံစားပါ ငပိရည်စားပါဆိုတာတွေ မမှန်ပါ အသုပ်စုံ အစပ် များသည် အခန့်မသင့်ပါက ဝမ်းလျောစေနိုင်ပါသည်  Covid 19 ကိုယ်တိုင်ကြောင့်လည်း ဝမ်းလျောစေနိုင်သဖြင့် မစားသင့်ပါ။ ✔ လုပ်သင့်သောအရာများ ~~~~~~~~~~~~~~~~~ ✔ ဘာကြောင့်ဖျားဖျား/ ချောင်းဆိုး/မောမော Covid ဟုသာသံသယထားမှတ်ယူပါ။   ✔ အိမ်သားများနှင့် ဝေးစွာနေပါ mask တပ်ထားပါ။ ✔ စတင်သ...