မြဝတီမြို့တွင် ရေထပ်မံတိုးလာနိုင်
မြဝတီမြို့တွင် ရေထပ်မံတိုးလာနိုင်၍ မိဘပြည်သူများ ကြိုတင်ပြောင်းရွှေ့ကြပါ
မြဝတီမြို့၊ သောင်ရင်းမြစ်ရေ ထပ်တိုးလာနိုင်ဖွယ်ရှိ
---------------------------------------------------
ယနေ့မှာလဲ အဆက်မပြတ် မိုးရွာသွန်းမှု များလာတာကြောင့် သောင်ရင်းမြစ်ရေ ထပ်တိုးလာနိုင်ဖွယ်ရှိနေပါသဖြင့် မြဝတီမြို့ အနိမ့်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များမှ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။
မိမိတို့၏ မော်တော်ယဥ်များကိုလဲ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားဖို့ရန် လိုအပ်မှာပဲ ဖြစ်ပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြသူများနှင့် အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ပြည်သူများအားလုံး ဘေးကင်းကြပါစေ....
Photos- CJ
မြဝတီမြို့နေပြည်သူများအားလုံး ဘေးရန်ကင်းရှင်းပါစေ
Comments
Post a Comment