ရာသီထိမ်နေပြီလား ဒါလေးကိုဖတ်ကြည့်ပါ
အမျိုးသမီးတိုင်း ဖတ်စေလို
(ဖတ်ရန်ကြာချိန် ၄ မိနစ်)
ကျနော်တို့ အမျိုးသမီးတွေ Menstruation မလာဘူး (ရာသီထိမ်တယ်) ဆိုတဲ့ အကြောင်းအရင်းများထဲက တစ်ခုက စိတ်ဖိစီးမှု များတာပါပဲ။ ကျနော်တို့ အားလုံး စိတ်ဖိစီးတတ်ကြပါတယ်။ အခုလို အချိန်ဆို ပိုဆိုးပါတယ်။ သာမန်ထက် စိတ်ဖိစီးမှုများတဲ့အခါ ကျနော်တို့ အမျိုးသမီးတွေမှာ ရာသီထိမ်တာ မျိုးလေး ဖြစ်လာတတ်ပါတယ်။
🔶စိတ်ဖိစီးရင် ဘာကြောင့် ရာသီထိမ် တာလဲ?
စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့ hypothalamic-pituitary-adrenal (HPA) axis ဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။
ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့ အီစထရိုဂျင်၊ ပရိုဂျက်စတုန်း စတဲ့ ဟော်မုန်းတွေကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ သားဥမကြွေပါဘူး။ ရာသီမလာပါဘူး။
🔸ဆိုတော့ ဒါက ပုံမှန်ထက်စိတ်ဖိစီးတဲ့အခါ ရာသီလာခြင်း မလာခြင်း အပေါ် ဘယ်လို သက်ရောက်လဲဆိုတာပါပဲ။
ရာသီမလာတော့ ရာသီလာအောင်ဆေးသောက်မှာပေါ့....!
"ဆေးသောက်မယ် ဟိုဆေး ဒီဆေး သောက်မယ်...."
နိုးးး လုံးဝ မှားတယ်နော်။ စိတ်ဖိစီးရင် ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်နေတဲ့ သားဥ မကြွေပါဘူး၊ ဒါ့ကြောင့် ဆင်းစရာ သွေးလည်းမရှိပါဘူး။ ဆေးတွေသောက်ပြီး ရာသီ မလာလာ အောင် အတင်းမလုပ်ကြပါနဲ့။ အဝေးကြီး မတွေးကြပါနဲ့။ အဖြေက နီးနီးလေးမှာပါပဲ။
🔶ဒါဆို ကျယ်မတို့က ဘာလုပ်ရမှာလဲဟင်?
🔸အခုချိန်မှာ အဖြစ်နိုင်ဆုံးက စိတ်ဖိစီးမှုကြောင့် ရာသီထိမ်တာဖြစ်လို့ ကျနော်တို့ အမျိုးသမီးတွေ စိတ်ဖိစီးတာကို လျှော့ရပါမယ်။
🔸ကိုယ်လက် လေ့ကျင့်ခန်းလုပ်ေပးရပါမယ်။ လေ့ကျင့်ခန်းလုပ်လို့ ထွက်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးတာကို သက်သာစေပါတယ်။
🔸ညဘက်တွေ အတွေးမများပါနဲ့။ အိပ်ရေးဝဝ အိပ်ပါ။ ရှေးခေတ်သီချင်းလေးတွေ၊ Relax ဖြစ်စေမယ့် ဟာလေးတွေ နားထောင်ပြီး အိပ်ပါ။
🔸အာဟာရပြည့်အောင် စားပါ။ အလွန်အကျွံ ဝိတ်မချပါနဲ့။
🔸သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ပါ။ စိတ်ဖိစီးမှု သက်သာစေတာပေါ့ဗျာ။
🔸တရားထိုင်တာ၊ ယောဂကျင့်တာ လုပ်ပါ။ စိတ်ငြိမ်စေတာပေါ့။
🔸စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ရာသီထိမ်တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာနိုင်လို့ စိတ်ဖိစီးမှုတွေ သိမ်းမထားဖို့ အကြံပေးလိုပါတယ်။
🔸ကိုယ်ဝန်စရပြီဆိုရင်လည်း ရာသီထိမ်ပါတယ်။ သို့သော်ငြားလည်း အခုလို အချိန်မှာ စိတ်ဖိစီးမှုေတွကြောင့်ပဲ ရာသီထိမ်တယ်လို့ ကျနော် ယူဆထားပါတယ်။ စိတ်ဖိစီးမှုတွေ လျှော့ကြပါ အမျိုးသမီးလေးတို့...❣️
ခုလိုကာလမှာ အနည်းနဲ့ အများ စိတ်ဖိစီးမှုတွေရှိတာပေါ့ဗျာ။ ဒါမယ့် ခင်ဗျားတို့ ရာသီမလာတာ(ရာသီထိမ်တာ) တွေကြောင့် အရမ်း မစိုးရိမ်ကြပါနဲ့။ အဓိက က စိတ်ဖိစီးမှုများတာ။ ဒါကို တတ်နိုင်သလောက် လျှော့ကြပါဗျာ။ တိုက်ပွဲကကြာဦးမှာ။ ခင်ဗျားတို့ အားရှိဖို့လိုတယ်။ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။
ယောက်ျားလေးတွေလည်း ကိုယ်နဲ့မဆိုင်ဘူးဆုိပြီး မနေပါနဲ့။ ကိုယ့်ညီမ၊ ကိုယ့်အစ်မ၊ ကိုယ့်ကောင်မလေး၊ ကိုယ့်သူငယ်ချင်း မိန်းကလေးတွေကို မျှဝေကြပါ၊ ဂရုစိုက်ပါ။ Sharing is Caring ❣️
(Hello ဆရာဝန်မှ ကိုးကားထားကြောင်း)
#crd naung naung
Comments
Post a Comment