အရိမေတ္တယျမြတ်စွာဘုရား တရားဟောမည့်နေရာဟု ဗျာဒိတ်ရနေရာ

ဧရာပထနဂါးမင်း မိသားစုကောင်းမူတော် ဇလုံတောင်ဘုရားသမိုင်း (အရိမေတ္တယျမြတ်စွာဘုရား တရားဟောမည့်နေရာဟု ဗျာဒိတ်ရနေရာ) --------------------------- စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့၏မြောက်ဘက် ၁၂ မိုင်အကွာ ပင်လယ်ရေပြင်အထက် ပေ ၃၀၉၀ တွင်တည်ရှိသည်။ ဇလုံတောင်ဆိုတာ မြိုင်ဟေဝန် တောနက်ကြီးထဲက လျှိုမြောင်တွေ ကျောက်ဆောင်တွေ စမ်းချောင်းလေးတွေ အဖိုးတန်ကျွန်းသစ်တွေ တမလန်းသစ်တွေ နဲ့ ကျေးငှက် သာရကာလေးတွေရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားရပြီး တိမ်လွှာတွေကြားထိ ရောက်အောင် မြင့်မားလှတဲ့ ကျောက်တောင်ကြီးပေါ်မှာ ဆုတောင်း အလွန်ပြည့်တဲ့ စေတီ တည်ရှိရာနေရာတစ်ခုပါ။ ဆုတောင်းတွေ ပြည့်ပြီး သဘာဝ ပတ်ဝန်းကျင် သာယာလှပလွန်းလို့ မြန်မာပြည် အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေသာမက နိုင်ငံခြားသါး ခရီးသည်တွေတောင် လာနေကြပါပြီ။ ဘုရားဖူးပြီးတဲ့အခါ ဝန်ထမ်းဆိုရင် ရာထူးတိုးပြီး စီးပွားရေးသမားကတော့ ရွှေဝင်ငွေဝင် ဖြစ်သွားကြတယ်တဲ့။ ကျန်းမာရေးချို့တဲ့သူတွေလဲ ရောဂါသက်သာပျောက်ကင်းတယ် ဟုဆိုကြသည်။ ဇလုံတောင်ကို ရှေးယခင်က " ဂေါဒေါပလ္လင်" တောင်တော်ဟု အမည်တွင်ခဲ့သည်ဟု သမိုင်းစာပေများမှတဆင့် သိရပါတယ်။ လွန်ခဲ့သောနှစ်(၈၀)ခန့်ကမြေပ...