မှဲ့ အကြောင်း သိကောင်းစရာ
လက်ချောင်းများနှင့် မှဲ့နိမိတ်
⚫၁။ လက်မ၌ မှဲ့ရှိလျှင် =
အကြီးအကဲဖြစ်တတ်သည်။
⚫၂။ လက်ညှိုး၌ မှဲ့ရှိလျှင် =
အထွတ်အထိတ်သို့ရောက်ရှိတတ်သည်။
ထိုအတူရန်လိုစိတ်များလဲ ရှိနေတတ်၏။
⚫၃။ လက်ခလယ်၌ မှဲ့ရှိလျှင် =
ပညာညဏ်ကြီးမားသူ ဖြစ်တတ်ပါသည်။
⚫၄။ လက်သူကြွယ်၌ မှဲ့ရှိလျှင် =
မှဲ့နီဖြစ်ပါက သားသမီးအတွက်
ငွေအစုလိုက် အပြုံလိုက်ထွက်တတ်ပါသည်။
ချမ်းသာကြွယ်ဝသော်လည်း
ငွေကုန်ကြေးကြ များနေတတ်ပါသည်။
⚫၅။ လက်သန်း၌ မှဲ့ရှိလျှင် =
စိတ်ဓာတ်သေးသိမ်တတ်ပါသည်
⚫၆။ ဘယ်လက်အပေါ်၌ မှဲ့ရှိလျှင် =
အသိညဏ်နှင့်ပြည့်စုံပြီးချွေတာစုဆောင်းတတ်သည်။
⚫၇။ ညာလက်အပေါ်၌ မှဲ့ရှိလျှင် =
လုပ်ငန်း၌ အောင်မြင်မှု့ရတတ်ပါသည်။
သိုရာတွင် အစစအရာရာ
တစ်ကိုယ်ကောင်းဆန်နေတတ်ပါသည်။
မှဲ့အကြောင်းသိကောင်းစရာ
ခန္ဓာကိုယ်ပေါ်မှာ ထင်နေတဲ့မှဲ့တွေက
⚪၁။ မှဲ့ဖြူ
🔴၂။ မှဲ့နီ
⚫၃။ မှဲ့ညို
⚫ ၄။ မှဲ့နက်
🔶၅။ မှဲ့ဝါ
⚪၆။ မှဲ့စိမ်း တို့ဖြစ်တယ်
⚪၁။ မှဲ့ဖြူ = သာမာန်အကျိုးပေးသည်
အလယ်အလတ်သဘောမျိုးလောက်ပေးသည်။
🔴၂။ မှဲ့နီ = ကောင်းကျိုးပေးတဲ့နေရာမှာ
ထူးထူးခြားခြားပေးတတ်ပါသည်။
◾၃။မှဲ့ညို = လူတစ်ဘက်သားကို
ကြင်နာသနားတတ်မယ် သစ္စာသမာဓိရှိမည်။
⚫၄။ မှဲ့နက် = ကောင်းကျိုးပေးတဲ့နေရာမှာနည်းတယ်
မကောင်းကျိုးပေးတတ်သည်။
🔶၅။မှဲ့ဝါ = စိတ်ကူးယဉ်မယ် အနုပညာဝါသနာထုံမည်။
⚪၆။ မှဲ့စိမ်း = အမွန်မြတ်ဆုံးဖြစ်တယ်
အထူးကောင်းကျိုးပေးတယ်
ပုဂ္ဂိုလ်ထူး ပါရမီထူးတဲ့သူတွေဆီမှာပါတတ်သည်။
အကျိုးရှိကြပါစေ...
Comments
Post a Comment