အသားလှုပ် နိမိတ်အဟောအပိုင်း ၂

 အသားလှုပ်နိမိတ်အဟောအပိုင်း ၂



၄၁။ လက်ဝဲဘက်လည်လှုပ်မူ ဉစ္စာပျောက်အံ့။

၄၂။လက်ယာနှာခေါင်းလှုပ်မူသူဉစ္စာလာပေးအံ့။

၄၃။ လက်ဝဲနှာခေါင်းလှုပ်မှုအစိုးရသူတို့ပူဇော်အံ့။

၄၄။ လက်ယာတင်သားလှုပ်မှုဆင်မြင်းစီးရအံ့၊သူတစ်ပါးတို့ရန်ပြုလာအံ့လည်းဟူ ၏။

၄၅။လက်ဝဲ တင်သားလှုပ်မှုချမ်းသာစွာနေရအံ့၊မိန်းမကြောင့် ဥပဒ်ဖြစ်အံ့။

၄၆။ခါးလှုပ်မှုဥစ္စာပျောက်အံ့။

၄၇။လက်ယာပေါင်လှုပ်မှုအကျိုးကျေးဇူးပေးအံ့။

၄၈။လက်ဝဲပေါင်လှုပ်မှုချစ်သောသူနှင့်စကားဆိုရအံ့။

၄၉။ လက်ယာပဆစ်လှုပ်မှုကောင်းသောလာဘ်ရအံ့။

၅၀။လက်ဝဲပဆစ်လှုပ်မှုခိုက်ရန်ဖြစ်အံ့၊ရှောင်လေ။

၅၁။ လက်ဝဲခြေသလုံးလှုပ်မှုမိန်းမနှင့်မျက်လိုကြအံ့၊မိန်းမဥပဒ်မူလာအံ့။

၅၂။ လက်ယာမြင်းခေါင်းလှုပ်မှုကောင်း၏။

၅၃။လက်ဝဲမြင်းခေါင်းလှုပ်မှုကျွန်ရအံ့၊သူဖျက်လာအံ့။

၅၄။ လက်ယာခြေဖဝါးလှုပ်မှုကောင်း၏။အဆွေခင်ပွန်းဆီသို့သွားရအံ့၊ခရီးမရှိသောအရပ်သို့သွားရအံ့။

၅၅။လက်ဝဲခြေဖဝါးလှုပ်မှုကြီး‌သောသူတို့အတွက်စိုးရိမ်ကြောင်းကြရအံ့။

၅၆။ လက်ယာခြေလှုပ်မှုထမီ၀တ်ရန်ပြုလာအံ့။

၅၇။ လက်ဝဲခြေလှုပ်မှုမယားနှင့်မျက်လိုကြအံ့။ 

၅၈။ လက်ယာဘက်သားမြတ်လှုပ်မှုအိမ်းတွင်းရှိဥစ္စာပျောက်အံ့။

၅၉။ လက်ဝဲသားမြတ်လှုပ်မှုကောင်းသေားဥစ္စာရအံ့။

၆၀။ လက်ယာလက်လှုပ်မှုမင်းပူဇော်ခံရအံ့။

၆၁။ လက်ဝဲလက်လှုပ်မှုဥစ္စာ လာဘ်ရအံ့။

       အသားလှုပ်ကျမ်းပြီး၏။

လောကီသိပ္ပံညွန့်ပေါင်းကျမ်းမှဖော်ပြသည်။

Comments

Popular posts from this blog

အသားလှုပ်နိမိတ်အဟော

မှဲ့ အကြောင်း သိကောင်းစရာ