လေးဖက်နာနှင့် အရိုးအဆစ်ရောင်ရမ်းခြင်းအတွက်ဆေးညွှန်း

ကုသိုလ်ရပါတယ် များများမျှဝေပေးကြပါ။


လေးဖက်နာနှင့်အရိုးအဆစ်ရောင်ရမ်းခြင်း 


(ဆေးရုံဆေးခန်းပြသကုသရန်ခက်ခဲသူတို့အတွက်)

လေးဘက်နာ(၃)မျိုးရှိပါသည်ဟုဆိုပါသည်။


(၁)ပိုးလေးဖက်နာ

(နောက်ဆက်တွဲ နှလုံးအဆို့ရှင် ပျက်စီးစေ တတ်ပါသည်)


(၂) သွေးလေးဖက်နာ

(အဆစ်အမြစ်တွေကောက်ကွေးသွားပြီး မထနိုင်အောင်ဖြစ်တတ်ပါသည်)


(၃)အရေပြားလေးဖက်နာ

(အရေပြားမှာအနာများဖြစ်ပြီး ကျောက်ကပ်တွေပျက်စီးစေတတ်သည်)


မိမိတွေ့မြင်ဖူးသည့် လွယ်ကူသောလေးဖက်နာ နှင့်အရိုးအဆစ်ကိုက်သူတို့အတွက်လိမ်းဆေးနှင့်စားဆေး


လိမ်းဆေး

============

(၁) သံပုရာသီး(၅)လုံး

(၂) မုန်ညင်းဆီ(၁)ဗူး (အိုဗာတင်းဖန်ဗူး)

(၃)လေးညှင်းဆီ(လက်ဖက်စာဇွန်း ၁ဇွန်း)


မုန်ညှင်းဆီဖန်ဗူးထဲသို့ သံပုရာသီး(၅)လုံး၊ လေးညှင်းဆီ လက်ဖက် စားဇွန်း၁ဇွန်း၊ ဆားအနည်းငယ်မျှထည့်၍ အဖုံးလုံ အောင်ပိတ်ပြီး(၃)ပတ်တိစိမ်ထားပါ။ အဆစ်အမြစ်နာကျင်ကိုက်ခဲသောအရိုးအဆစ်ပေါ်သို့ ထိုဆေးကို ၀င်အောင်လိမ်းပေးပြီး ပတ်တီး/အ၀တ်စကို (၃)(၄)ပတ်စီးပေးရမည်။ခံစားနေရသောဝေဒနာ အသေအချာသက်သာစေပါသည်။


စားဆေး

===========

ရှားစောင်းလက်ပက်အနှစ်(၂၅)သား

ပျားရည် (၁)ပုလင်း

နနွင်းခါးအမှုန့် (ပရဆေးဆိုင်၀ယ်ယူနိုင်)(၅)ကျပ်သား

ထို(၃)ပါးကို ရောစပ်တေ၍ နံက်ည လက်ဖက်ဖက်စားဇွန်း(၁)ဇွန်းစီ စားရသည်။


ဓာတ်စာဆေးအဖြစ်

====================





(၁)တရုတ်စကားပွင့်ကို ပြုတ်ပြီးသုပ်စားခြင်း

(၂)မြင်းခွာရွက်ကို နှစ်ရက်တစ်ကြိမ်သုပ်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းနှင့် အစိမ်းလိုက် ဝါးစားခြင်းပြုလုပ်ရပါမည်။


တိုင်းရင်းဆေးများ ကို စိတ်ရှည်သည်းခံစွာ ကုသနေစဉ် အင်္ဂလိပ်ဆေးများဖြင့်သုံးစွဲကုသခြင်း

မပြုသင့်ပါ။


ရောဂါနုပါက ပျောက်ကင်းနိုင်ပါသည်။

ရောဂါရင့်က တဖြည်းဖြည်းသက်သာရာမှ ပျောက်ကင်းခြင်းဆီသို့ဦးတည်နေပါလိမ့်မည်။


Comments

Popular posts from this blog

အသားလှုပ် နိမိတ်အဟောအပိုင်း ၂

အသားလှုပ်နိမိတ်အဟော

မှဲ့ အကြောင်း သိကောင်းစရာ