အသားလှုပ်နိမိတ်အဟော

ဒီတစ်ခါတင်ဆက်ပေးမှာကတော့
အသားလှုပ်နိမိတ်အဟောပါ

အသားလှုပ်နိမိတ်အဟော



       အသားလှုပ်နိမိတ်ဟုဆိုရာဝယ် သွေးလေမညီညွတ်၍လည်းလှုပ်တတ်၏။

ဖြစ်လိုပျက်လိုသောနိမိတ်ကြောင့်လည်းလှုပ်တတ်၏။

ဖြစ်လိုပျက်လို၍လှုပ်ပါက အောက်ပါအကြောင်း
တရားများခံစားရတတ်ပေသည်။

၁။ ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့။ချစ်သောအဆွေခင်ပွန်းနှင့်လည်းတွေ့ကြုံရအံ့။

၂။လက်ဝဲဉီးကင်းလှုပ်မူ သတင်းကောင်းကြားရအံ့။အကြံအစည်ထမြောက်အောင်မြင်အံ့။

၃။လက်ဝဲဉီးကင်းလှုပ်မူ လာဘ်ရအံ့။

၄။လက်ယာအထက်မျက်ခုံးလှုပ်မူလာဘ်ရအံ့။အဆွေလင်ပွန်းကောင်းနှင့်တွေ့ကြုံရအံ့လည်းဟူ၏။

၅။လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ခင်ပွန်းကောင်းတွေ့ရအံ့လည်းဟူ၏။

၆။လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့်ခိုက်ရန် အမျက်ဒေါသရှိရအံ့။ချစ်သူနှင့်တွေ့ကြုံရအံ့။မယားရအံ့ဟူ၏။

၇။လက်ဝဲအောက်မျက်ရည်ခံလှုပ်မူ ငိုယိုရအံ့။ဆင်းရဲအံ့လည်းဟူ၏။

၈။လက်ယာနားလှုပ်မူ ချမ်းသာသုခရအံ့။

၉။လက်ဝဲနားလှုပ်မူ သူတစ်ပါးနှင့်ခိုက်ရန်ဒေါသဖြစ်ရအံ့။ဉစ္စာရအံ့ဟူ၏။

၁၀။လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်သူခင်သူများအံ့။ခင်ပွန်းကောင်းရအံ့လည်းဟူ၏။

၁၁။လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကိုရအံ့။

၁၂။ဉီးခေါင်းလှုပ်မူ ငယ်ပျိုသူလည်း မိန်းမရတနာကိုရအံ့။။ ကြီးသူတို့မှာလည်း လာဘ်ရအံ့။

၁၃။လက်ယာအောက်နှုတ်ခမ်းလုပ်မူ မကောင်းစကားဆိုရအံ့။ခိုက်ရန်ဖြစ်အံ့လည်းဟူ၏။

၁၄။လက်ဝဲအောက်နှုတ်ခမ်းလှုပ်မူ အဝေးဆောင်းပါးစကားကြားရအံ့။

၁၅။လက်ယာအထက်နှုတ်ခမ်းလှုပ်မူ ချစ်သောသူနှင့်စကားဆိုရအံ့။

၁၆။လက်ဝဲအထက်နှုတ်ခမ်းလှုပ်မူ သူတစ်ပါးတို့နှင့်ခိုက်ရန်အမျက်ဒေါသပွားရအံ့။

၁၇။မေးလှုပ်မူစကားကြောင့်အမှုဖြစ်အံ့၊ဆင်ခြင်လေ။

၁၈။လည်လှုပ်မူ အဝတ်တန်ဆာဆင်ယင်ရအံ့၊ရွှေ‌၊ငွေရအံ့၊ထင်ရှားအံ့၊သူပူဇော်ခြင်းကိုခံရအံ့။

၁၉။လက်ယာပုခုံးလှုပ်မူ မယားကောင်းရအံ့၊ဆင်၊မြင်းရအံ့။မိန်းမနှင့်ခိုက်ရန်ဖြစ်အံ့လည်းဟူ၏။

၂၀။လက်ဝဲပခုံးလှုပ်မူဉစ္စာလာဘ်ရအံ့၊တစ်ပါးသူနှင့်ရန်ဖြစ်အံ့လည်းဟူ၏။

၂၁။ လက်ယာဘက်ဆီးစပ်လှုပ်မူထင်ရှားကျော်ဇောအံ့။

၂၂။လက်ဝဲဘက်ဆီးစပ်လှုပ်မူ လူလိမ်နှင့်တွေ့၍ပျက်စီးအံ့၊ဉပဒ်ဖြစ်အံ့ဟူ၏။

၂၃။ကျောလုပ်မူ အဝတ်အစားရအံ့။

၂၄။လက်ယာလက်ရုံးလှုပ်မူခင်ပွန်းရအံ့၊အမြိန်အရသာစားရအံ့၊
ချစ်သောသူ ဉစ္စာပေးလာအံ့။

၂၅။လက်ဝဲလက်ရုံးလှုပ်မူ သူတစ်ပါးဉစ္စာပေးလာအံ့၊ချစ်သူ၏ဉစ္စာကိုရအံ့။

၂၆။လက်ယာလက်ဖဝါးလှုပ်မူအမြိန်အရသာစားရအံ့။

၂၇။လက်ဝဲလက်ဖဝါးလှုပ်မူ မကောင်း၊ဉီးခေါင်းဆေးပါ။

၂၈။လက်ယာရင်ဘက်လှုပ်မူ ဆိုဘွယ်ရာမရှိကောင်းအံ့။စိတ်နှလုံးချမ်းသာအံ့ဟူ၏။

၂၉။လက်ဝဲရင်ဘက်လှုပ်မူစိတ်နှလုံးတွေဝေအံ့။

၃၀။ချက်လှုပ်မူဉစ္စာရအံ့၊ကောင်းသောခင်ပွန်းရအံ့။

၃၁။လက်ယာဝမ်းပြင်လှုပ်မူ အမြိန်အရသာကောင်းစားရအံ့။

၃၂။လက်ဝဲဝမ်းပြင်လှုပ်မူ လာဘ်ရအံ့။

၃၃။နှလုံးသားလှုပ်မူ ခင်ပွန်းကောင်းသော်လည်းကောင်း။ဉစ္စာ
သော်လည်းကောင်းရအံ့။

၃၄။လက်ယာပါးပြင်လှုပ်မူ အမြိန်အရသာကောင်းစားရအံ့။

၃၅။လက်ဝဲပါးပြင်လှုပ်မူ တစ်ပါးသူနှင့်စကားများရအံ့။

၃၆။လက်ယာနှဖူးလှုပ်ရှားမူ အခြွေအရံများအံ့။

၃၇။လက်ဝဲနှဖူးလှုပ်မူတစ်ပါးသူနှင့် အမျက်ဒေါသဖြစ်ပွားအံ့။

၃၈။ဣန္ဒြေလှုပ်မူ မယားကောင်းရအံ့။ သူတစ်ပါးတို့နှင့် စကားဆိုရအံ့လည်းဟူ၏။

၃၉။အင်္ဂါဇာတ်လှုပ်မူဉစ္စာပျောက်အံ့။

၄၀။လက်ယာဘက်လည်ကုတ်လှုပ်မူ ရွှေငွေဉစ္စာတိုးအံ့။

လောကီသိပ္ပညွန့်ပေါင်းကျမ်းမှဖော်ပြသည်။
Crd

Comments

Popular posts from this blog

အသားလှုပ် နိမိတ်အဟောအပိုင်း ၂

မှဲ့ အကြောင်း သိကောင်းစရာ